တာလေ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင်၊တာလေမြို့ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယနေ့နံနက်ပိုင်းက"တာဝန်သိစိတ် တာဝန်ယူစိတ်" စာအုပ်မှ စာရေးဆရာ ရွှေစကား ရေးသားသည့် "တာဝန်သိစိတ် တာဝန်ယူစိတ်" ခေါင်းစဉ်ဖြင့်စာဖတ်ဝိုင်း ကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဥ်းစည်းကမ်းများနှင့်အညီကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်မိုးက ဌာနတွင်း လူထုအခြေပြုဗဟိုဌာန Community Centre ဖွင့်လှစ်၍ အသိပညာပေးရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ယနေ့ စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသည့် ဝါသနာတူ စာပေဝါသနာရှင်များက " တာဝန်သိစိတ် တာဝန်ယူစိတ် " စာအုပ်မှ စာရေးဆရာ ရွှေစကား ရေးသားပြုစုသည့် " တာဝန်သိစိတ် တာဝန်ယူစိတ် " ခေါင်းစဉ်မှ "တာ" နှင့် " ဝန် "မှာ စကားလုံးအရေအတွက်နည်းသော်လည်း အဓိပ္ပါယ်မှာ ကျယ်ပြန့်လွန်းကြောင်းနှင့် " တာဝန်" ဟူသည့် စကားလုံးမှ ဆောင်ရွက်ရန် အမှုကိစ္စရပ်များကိုပိုင်းခြားသတ်မှတ်ပေးသော ဆောင်ရွက် ဖွယ်အမှုကိစ္စများကို ဖော်ပြကြောင်း စသည် အကြောင်းအရာများကို အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး(ပြန်/ဆက်)