ဥတ္တရသီရိမြို့နယ်အတွင်းရှိ သစ်တောယာမြေ(၅၁.၁၀)ဧကအတွက်လျော်ကြေးငွေများပေးအပ်

 ဥတ္တရ               နိုဝင်ဘာ           ၁၉

နေပြည်တော်-မကွေး(ကံပြား)လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူ(၁၂)ဦး၏ သစ်တောယာမြေ (၅၁.၁၀) ဧကအတွက် လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ဥတ္တရသီရိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဉီးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက သစ်တောယာမြေလျော်ကြေးငွေပေး အပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး နေပြည်တော်-မကွေး(ကံပြား)လမ်း ဖောက်လုပ်ရာ တွင် ပါဝင်သွားသော တောင်သူ(၁၂)ဉီး၏ သစ်တောယာမြေ (၅၁.၁၀) ဧက အတွက် ယာ(၁)ဧကလျှင် (၂.၅) သိန်းကျပ်နှုန်းဖြင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်း ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ (ဥက္ကဌ) ဦးရဲမြတ်သိန်း ၊ ခရိုင်လမ်းဦးစီးဌာနမှူး ဦးနိုင်အောင်မြင့်နှင့် သရက်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့က သစ်တောယာမြေလျော်ကြေးငွေများ အသီးသီးပေးအပ်ခဲ့ကြပြီး တောင်သူဦးဟန်ရီက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

သစ်တောယာမြေ (၅၁.၁၀) ဧက အတွက် ယာ(၁)ဧကလျှင် (၂.၅) သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း လျော်ကြေးငွေ (၁၂၇)သိန်း (၇)သောင်း (၅)ထောင်ကျပ်ကို တောင်သူ(၁၂)ဦးထံ လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)