ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရမည်းသင်း      နိုဝင်ဘာ    ၁၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာ ဦးစီးဌာတို့ပူးပေါင်း၍ ယနေ့ နံနက်၉နာရီက ရမည်းသင်းခရိုင် လူထုအခြေပြု ဗဟို ဌာနတွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပြုလုပ်သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင်ရမည်းသင်းမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်း(၅) ကျောင်းမှ ကျောင်းသားကျောင်းသူ(၁၆)ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်း သား၊ ကျောင်းသူများအားရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးနှင့် ဒုတိယဦးစီးမှူးတို့က အမှတ်ရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်းသိရသည်။

ဇော်ဝင်းအောင်