သုံးခွမြို့နယ်တွင် ပရဟိတပုဂ္ဂိုလ်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

သုံးခွ နို၀င်ဘာ ၁၉

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာကွယ်ကုသ ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီပါ၀င်ဆောင်ရွက်ခဲ့ကြသည့် ပရဟိတ ပုဂ္ဂိုလ်များအား ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်အုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာကွယ်ကုသထိန်းချုပ် ရေးလုပ်ငန်းများတွင် ပါ၀င်ကူညီဆောင်ရွက် ပေးပါသော ပရဟိတအသင်းအဖွဲ့များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပရဟိတ အသင်းအဖွဲ့များ အနေဖြစ်လည်း မိမိတို့အဖွဲ့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အဖွဲ့၀င်များရှိပါက ကာကွယ်ဆေးများ ထိုးနှံထားကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူက ပရဟိတ အဖွဲ့များထဲ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိသူများအား လာရောက်ပြုလုပ် စေလိုပါကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းတွင် စွမ်းစွမ်းတမံ ပူးပေါင်း ဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းဖွဲ့များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးအောင်ဇော်ထက်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းထက် ကာကွယ်ဆေးထိုးခြင်းဟာ အဓိကဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ကာကွယ်ဆေးကို လာရောက်ထိုးရန် ကျန်ရှိနေ သူများအား ကာကွယ်ဆေးများ လာရောက်ထိုးနှံစေလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက်ပရဟိတအဖွဲ့များထဲမှ တာ၀န်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် စွမ်းစွမ်းတမံ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် ပရဟိတအဖွဲ့၀င်များအား ဒံပေါက်နှင့် ရေခဲမုန့်များဧည့်ခံကျွေး မွေးခဲ့ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်