ကျိုက်ထို နို၀င်ဘာ ၁၉
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် မြတ်ကြီးအား ဆီမီး(၅၀၀၀) ပန်း (၁၀၀၀၀) ဖြင့် ယမန်နေ့ တန်ဆောင်မုန်းလပြည့် ညတွင် ပူဇော်ခဲ့ကြသည်။
ယင်းနေ့တွင် ရပ်ဝေးရပ်နီးမှ ဘုရားလာရောက်ဖူးသူများဖြင့် အထူးစည်ကားခဲ့ပြီး ပြည်သူများ အေးချမ်းစွာဖြင့် ဘုရားဖူး ကုသိုလ်ယူနိုင်ရန် ဆံတော်ရှင်ကျိုက်ထီးရိုး ဘဏ္ဍာတော်ထိန်းအဖွဲ့နှင့် တာဝန်ရှိသူများက ကူညီပေး ခဲ့ကြသည်။
ထိုနည်းတူ ဘုရာဖူးပြည်သူများကို တောင်တက်မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်းစွာ ပို့ဆောင်ပေးသည့် အပြင် ရသေ့တောင်မှ ခြင်္သေ့နှစ်ကောင်အနီးသို့ ကေဘယ်လ် ကားများဖြင့်လည်း ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် ဘုရားလာ ရောက်ဖူးမြှော် ကြသော ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖူးမျှော်ကြည်ညိုနိုင်ရေးကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က နှိုးဆော် အသိပေးခြင်းကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
၀င်းမောင်(ကျိုက်ထို)