ရမ်းဗြဲ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ကိုယ်ရံတောင်စေတီတော်မြတ် ဘက်စုံတည်ဆောက်ရေး ဂေါပက အဖွဲ့မှကြီးမှူး၍ (၁၄)ကြိမ်မြောက် ဆီမီးတစ်ထောင် ပန်းတစ်ထောင် လှည့်လည်ပူဇော်ပွဲနှင့် ပထမအကြိမ် ရခိုင်မုန့်တီ စတုဒီသာကျွေး မွေးလှူဒါန်းခြင်းကို တန်ဆောင်မုန်း လပြည့်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆီးမီးတစ်ထောင် ပန်းထောင် လှည့်လည်ပူဇော်ပွဲကို ရမ်းဗြဲမြို့ပေါ်ရှိရပ်ကွက် (၆) ခု မှ လူပျို/အပျိုများ ဦးဆောင်ပြီး လူကြီးလူငယ်များမှ ဆီမီးကြာခွက်များ ကိုင်ဆောင်ကာ မြို့တစ်ပတ် လှည့်လည်၍ ကိုယ်ရံတောင် စေတီတော် မြတ်ကြီးပေါ်သို့ တက်ရောက်ကာ ဆီးမီးများ ပူဇော်ထွန်းညှိပူဇော်ကြသည်။
အဆိုပါ ဆီးမီးတစ်ထောင် ပန်းတစ်ထောင် လှည့်လည်ပူဇော်ရန်အတွက် ရပ်အသီးသီးမှ လူကြီးလူငယ်များမှ ရမ်းဗြဲမြို့လယ်တွင် တည်ရှိသော အောင်ဓမ္မဗိမာန်ဓမ္မာရုံတော်ကြီးနှင့် အောင်စေတီဘုရား ရင်ပြင်တွင် စုရပ်ပြုလုပ်၍ လှည်ကြပါသည်။ ဆီးမီးတစ်ထောင် ပန်းတစ်ထောင် လှည့်လည်ရန်နှင့် ဘုရားဖူးရန် ရောက်ရှိလာကြသူများကို ကိုယ်ရံတောင် ဘက်စုံတည်ဆောက်ရေး ဂေါပကအဖွဲ့မှ အောင်စေတီ ဘုရားရင်ပြင်တွင် ပထမအကြိမ် စတုဒီသာအဖြစ် ရခိုင်မုန့်တီများ လှူဒါန်းကျွေးမွေးခြင်းကို ညနေ ၅ နာရီမှ စတင်ပြီး ည ၁၀ နာရီအချိန် ကျွေးမွေးလှူဒါန်းကြရာ အများပြည်သူများမှ ပျော်ရွှင်စွာလာရောက် စားသုံး ခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)