ကျိုက်မရော၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ကျိုက်မရော နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို  ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊   လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ယင်းသို့ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန   မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ချိုမြတ်မြတ်ထွေးက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲ  ပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်များကို ရှင်းလင်းပြီး အတ္တရံမြို့သစ်   အမကကျောင်းမှ   ကျောင်းအုပ် ဆရာမကြီး  ဒေါ်ခင်လပြည့်က  အမျိုးသားအောင်ပွဲနေ့  ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့်  နှစ်စဉ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများကို ဦးတည်ချက် ၄ ရပ်ဖြင့်  ကျင်းပလာခဲ့ရာ ယခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင်  ကျရောက်မည့်   အမျိုးသား အောင်ပွဲနေ့သည်  (၁၀၁)နှစ်ပြည့် မြောက်ခဲ့ပြီးဖြစ်ကြောင်းနှင့်  အမျိုးသားအောင်ပွဲနေ့ အကြောင်းကို  ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များအား  အမြဲတမ်း အမှတ်ရနေစေရန်နှင့်  မိမိတို့နိုင်ငံ၏  နေ့ထူးနေ့မြတ်များကိုမမေ့ လျော့စေရန်  ရည်ရွယ်၍ ပညာပေး အစီအစဉ်များကို  ယခုလို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်(၁၀၁)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ်အဖြစ်   ပြသထားသော သုတ၊ ရသ စာအုပ်များအား ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)