ခေါဇာ နိုဝင်ဘာ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းလျော့နည်း ကျဆင်းမှု ရှိသော်လည်း ထိရောက်လျင်မြန်စွာဖြင့် ကူးစက်မှုနှုန်းကို ဖြတ်တောက်နိုင်ရေး အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ခေါဇာမြို့ပေါ်ရှိ ရပ်ကွက် လမ်းဆုံ ၊ လမ်းခွများတွင် အသံချဲ့စက်ဖြင့် နှိုးဆော်ပေးခဲ့သည်။
အဆိုပါအသိပေး ကြေညာချက်တွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်း Mask နှင့် မျက်နှာအကာ Face Shield ကို စနစ်တကျ တပ်ဆင် သွားကြရန်၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ အပြင်မှပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာအောင် ဆေးကြောရန်၊ လူစု၊ လူဝေးရှောင်ကြဉ်ကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်း သတ်မှတ်ချက်များကို တိကျစွာ လိုက်နာခြင်းဖြင့် အသိပညာပေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြပါရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသူများလည်း သတ်မှတ် ဆေးထိုးအုပ်စုများတွင် သွားရောက် ထိုးနှံပေးကြရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ခေါဇာ(ပြန်/ဆက်)