သံဖြူဇရပ်မြို့၌ လူငယ်၊လူရွယ်များ ကိုယ်ကာယကြံ့ခိုင်မှုရှိရေး Physical Fitness Dance သရုပ်ပြပွဲ ဆောင်ရွက်

သံဖြူဇရပ် နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက Physical Fitness Dance သရုပ်ပြပွဲကို Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Physical Fitness Dance ဖြင့် သရုပ်ပြပေးခြင်းသည် ယနေ့ခေတ် လူငယ်၊ လူရွယ်များ ကျန်းမာရေးအတွက် အထူးသင့်လျော်သော ကိုယ်လက်လှုပ်ရှား အားကစားနည်း  တစ်မျိုးဖြစ်သည့်အတွက် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် လူတိုင်းလိုက်ပါ  လှုပ်ရှားကစားနိုင်သည့်  ကစားနည်းဖြစ်သည့်အတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပြီး Physical Fitness  Dance သရုပ်ပြပေးမှုကို အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သင်တန်းနည်းပြများ ဦးဆောင်မှုဖြင့် သင်တန်းသူ  မပန်းနုဆည်းဆာက သရုပ်ပြတင်ဆက်ပေးကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)