မြစ်သား နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလ (၁၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ကလေးသူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်းသိရှိ စေရန်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်စေရန်၊ အားလပ်သည့် အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ ဗဟုသုတရရှိစေရေးအတွက် စာဌား/စာဖတ်ကြရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်၊ စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတ တိုးပွား လာစေရန် ၊ ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာစေရန်ရည်ရွယ် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ဆေးရောင်ခြယ်ပြိုင်ပွဲသို့ မြစ်သားမြို့နယ် မြို့မအနောက်ရပ်ကွက် (အ.မ.က) ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြမြမွန်(မြစ်သား)