(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုးမောက်        နိုဝင်ဘာ      ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝန်းအတွင်း၌ ယနေ့ နံနက် ၁၀ နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ပြပွဲကျင်းပလျက်ရှိကြောင်း သိရသည်။

နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ရာတွင် ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးတို့၏ အတုယူ လေးစားဖွယ်ကောင်းပုံနှင့် အမျိုးသားအောင်ပွဲနေ့၏ ဂုဏ်ယူဖွယ်တို့ကို ယနေ့ခေတ် ကျောင်းသား/ ကျောင်းသူတို့အား သိမှတ်ဂုဏ်ယူတတ်စေရန်ရည်ရွယ်၍ အမှတ်(၃)အခြေခံ ပညာမူလတန်း လွန်ကျောင်း(ကြေးနန်း)နှင့် အခြေခံပညာအထက် တန်းကျောင်းတို့မှ ကျောင်းသား/ သူများနှင့် အများပြည်သူ (၅၀)ဦးခန့်က စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြောင်းနှင့် ပြပွဲကို နံနက်(၁၀)နာရီမှ ညနေ(၄) နာရီခွဲအချိန်ထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)