အောင်မြေသာစံမြို့နယ်တွင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးတွင်မန္တလေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

အောင်မြေသာစံ   နိုဝင်ဘာ  ၁၉ 

မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ (အရှေ့) ရပ်ကွက် (၂၃)လမ်း၊ ၈၀လမ်းနှင့် ၈၁ လမ်းကြားရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးတွင် ယနေ့နံနက်(၈)နာရီက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုတို့ဦးဆောင်၍ မန္တလေးခရိုင် အတွင်းရှိ မြို့နယ်(၇)မြို့နယ်တို့မှ သန္ဓေမီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်အရန်မီးသတ်ကြီးကြပ်မှု ကော်မတီများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့်ဖြင့် ဆေးရုံကြီးလူနာဆောင်များအား ဆပ်ပြာရည်များဖြင့် ဆေးကြောခြင်း၊ ကြမ်းတိုက်၊ တံမြက်စည်းလှည်းခြင်းနှင့် မြောင်းဆယ် ခြင်းစသည့် ဝင်းခြံသန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)