မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် (၇) ကြိမ်မြောက် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်

မိတ္ထီလာ နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် (၇)ကြိမ်မြောက် ဆီမီးတစ်ထောင်ကို ကျန်းမာရေးဝန်ကြီးဌာ န၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ   သုံးရက်တိုင်တိုင်  ထွန်းညှိပူဇော်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန်ဦးထိပ်တွင် တည်ထားကိုးကွယ်သည့် ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် ဂေါပက အဖွဲ့မှ ဦးဆောင်ပြီး တန်ဆောင်မုန်းလဆန်း (၁၄) ရက်၊ တန်ဆောင်မုန်းလပြည့်နေ့နှင့် တန်ဆောင်မုန် လပြည့်ကျော် (၁) ရက်နေ့များတွင် ညနေ ၆ နာရီအချိန်မှစတင် ဆီမီးတစ်ထောင်ကို ထွန်းညှိပူဇော်ခဲ့ရာ ယခုနှစ်ဆိုရင် (၇) ကြိမ်မြောက် ရှိပြီးဖြစ်ကြောင်း၊ ၎င်းဆီမီးထွန်းညှိပူဇော်ရာတွင်   ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထွန်းညှိပူဇော်ခဲ့ကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း ဇော်မိုးထံမှ သိရသည်။

ဆက်လက်၍  မြတ်နိုးပီတိဆရာတော် အရှင်ပညိနြ္ဒိယဆရာတော်မှ ဦးဆောင်ပြီး တန်ဆောင်မုန်း လပြည့်နေ့ ညတွင် မိတ္ထီလာမြို့ ရတနာမရ်အောင်ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းအနီးရှိ ရွှေမြင်တင် စေတီတော် တွင် ဆီမီး တစ်ထောင်ငါးရာနှင့် အောင်သိဒ္ဓိစေတီတော်တွင် ဆီမီးတစ်ထောင်တို့ကို ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)