မင်းပြား နိုဝင်ဘာ ၁၈
မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်ပြည်သူများစုပေါင်းပြီး ပထမအကြိမ်မြောက် ဆွမ်းတော်ကြီးလောင်းလှူပွဲကို နိုဝင်ဘာ ၁၈ ရက် ညနေ ၄ နာရီ အချိန်က ကျင်းပပြုလုပ်သည်။
နေ့လည်(၂)နာရီတွင် မြို့ပေါ်ရပ်ကွက်အသီးသီးရှိဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များ မယ်သီလရှင်များသည် စုရပ်မြို့မတောင်ကျောင်းမှ စတင် ထွက်ခွာပြီး စွမ်ရဲလမ်း၊ ရုံးတက်လမ်း၊ ဦးကျော်ဦးလမ်း၊ အောင်မေတ္တာလမ်း၊ မြောင်းဘွေလမ်း၊ ကမ်းနားလမ်းမှတဆင့် မြို့ရော နယ်ပါ ဓမ္မရုံသို့ ပြန်လည်ကြွချီတော်မူကြသည်။
အဆိုပါ ဆွမ်းတော်ကြီးလောင်းလှူပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးဦးဆောင်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆန်၊ ဆီ၊ ဆား၊ ရေသန့်၊ စာအုပ်၊ ခဲတံ၊ ဘောပင်နှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
သိန်းနုအောင်