မြေပုံ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ် မြေပုံမြို့ အငူကျေးရွာအနီးရှိ ဧလပဗ္ဗတတောင်ကုန်းပေါ်ရှိ တည်ထား ကိုးကွယ် လျက်ရှိသည့် ဗျာဒိတ်တော်ရ ဗုဒ္ဓရင်ရိုးတော်ဓာတ် စေတီတော်မြတ်နှင့် အထင်ကရ ရှေးဟောင်း သမိုင်းဝင်ဘုရား၊ ပုထိုးစေတီများ၌ တန်းဆောင်တိုင် အများပြည်သူ ရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ အနေဖြင့် ယနေ့ နံနက်ပိုင်းမှ စ၍ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တန်ဆောင်တိုင်ရုံးပိတ်ရက် နှစ်ရက်တာ ကာလအတွင်း မြေပုံမြို့ပေါ်ရှိ အထင်ကရ ရှေးဟောင်း သမိုင်းဝင်ဘုရား ပုထိုးစေတီများသို့ လာရောက်လေ့လာ လည်ပတ်ခွင့်ရရှိသည့်အတွက် အတိုင်းမသိကြည်နူး ပီတိဖြစ်ပါကြောင်း ဘုရာဖူးလာပြည်သူတစ်ဦးက ပြောကြား သွားသည်။
မြေပုံမြို့ပေါ်ရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရား ပုထိုးစေတီများသို့ တန်ဆောင်တိုင် ရုံးပိတ်ရက် နှစ်ရက်တာ ကာလအတွင်း ယခင်နေ့ရက်များထက် ဘုရားဖူးဧည့်သည့်များ ပိုမိုးစည်ကား လျက်ရှိကြောင်း သိရသည်။
သတင်း-ဝင်းမင်းစိုး၊
ဓာတ်ပုံ-တင်ဝင်း(ပြန်/ဆက်)