မင်္ဂလာမြို့နယ်တွင် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် နိဗ္ဗာန်စျေးပွဲတော် ပြုလုပ်ကျင်းပ

မင်္ဂလာဒုံ နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက သမိုင်းဝင် ကျိုက္ကလော့ စေတီတော်မြတ်ကြီးတွင် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် နိဗ္ဗာန်စျေးပွဲတော်တို့ကို ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက်(၅)နာရီက ပြုလုပ်ကျင်းပခဲ့ပြီး စေတနာရှင် အလှူရှင်များ၊ ဝတ်ရွတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြ ကြောင်း သိရသည်။

ထို့ပြင် နိဗ္ဗာန်စျေးပွဲတော်ကိုလည်း ဘုရားဂေါပကအဖွဲ့များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ပုဂ္ဂလိက အလှူရှင်များက စုပေါင်းလှူဒါန်းခဲ့ကြပြီး နိဗ္ဗာန်စျေးပွဲတော်တွင်လည်း ဘုရားဖူးလာပြည်သူများနှင့် စည်ကာသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

သမိုင်းဝင်ကျိုက္ကလော့ စေတီတော်မြတ်ကြီးတွင် တန်ဆောင်တိုင်လပြည့်နေ့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ တန်ဆောင်တိုင်ရုံးပိတ်ရက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)