ကျိုက်ထို ဩဂုတ် ၂၀
ကျိုက်ထိုမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ Covid-19 ရောဂါကာကွယ်ရေးနှင့် မြေမြုပ်မိုင်း အန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီတွင်ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အမှတ်(၁)ရပ်ကွက် ရှိ လောကဝိဒူ စစ်ကိုင်း ကျောင်းတိုက်၌ဖွင့်လှစ် ထားသော (CBFQ) စခန်းတွင်ပြုလုပ်ခဲ့သည်။
အသိပညာပေးဆောင်ရွက်ရာတွင်ကျိုက်ထိုမြို့နယ် ကြက်ခြေနီသူနာပြတပ်ဖွဲ့မှဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးသူရအောင် ကCovid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍လည်းကောင်း၊ သိမ်ဇရပ်မြို့ ကြက်ခြေနီသူနာပြုတပ်ခွဲမှ တပ်ဖွဲ့ခွဲမှုးဦးထွန်းကိုကို မှ စစ်လက်ကျန် မြေမြုပ်မှိုင်းအန္တရာယ်နှင့်ပတ်သတ်၍လည်းကောင်း၊တပ်စုမှူး
ဦးအောင်နိုင်စိုးက Covid-19 ကာလတွင်မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှလုပ်ငန်းစဉ်များချမှတ်၍ ဆောင်ရွက်နေမှုများကို အသီးသီး ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)