မင်းပြားမြို့၌ ရခိုင်ရိုးရာစဉ်လာမပျက် အေးချမ်းစွာ တန်ဆောင်တိုင် ဆီမီးထွန်းပွဲတော် ကျင်းပ

မင်းပြား နိုဝင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မှန်း၍  တန်ဆောင်မုန်း လပြည့်နေ့တွင် တန်ဆောင်တိုင် ဆီမီးထွန်းပူဇော်ပွဲကို ယမန်နေ့က စတင်ပြီး ရခိုင်ရိုးရာ အစဉ်အလာ မပျက်စေရန် မင်းပြားမြို့ပေါ်ရပ်ကွက် အသီးသီး၌ ကျင်းပ လျက်ရှိသည်။

အဆိုပါ တန်ဆောင်တိုင် ဆီမီးထွန်းပူဇော်ပွဲကျင်းပရာ၌ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မှန်း၍  (တန်ဆောင်မုန်း လပြည့်နေ့)တွင် မင်းပြားမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာ အသီးသီးမှ စေတာနာရှင် အလှူရှင်၊ လူငယ်အဖွဲ့အစည်းများက စုပေါင်းပြီး  တန်ဆောင်မုန်းလဆန်း (၁၄)ရက်က စတင်ကာ တန်ဆောင်မုန်း လပြည့်နေ့ထိ မိမိတို့၏ရပ်ကွက် ကျေးရွာအလိုက် နှစ်စဉ်၊ နှစ်တိုင်း ရခိုင်ရိုးရာ ယဉ်ကျေးမှု စဉ်လာမပျက် ဆီမီးထွန်း ပူဇော်ပွဲကို ကျင်းပ လျက်ရှိသည်။

ဆက်လက်၍ တန်းဆောင်မုန်းလပြည့်နေ့သည် သူခိုးကြီးညဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်မှာလည်း မဟုတ်ပါကြောင်း လထဲတွင် အလှပဆုံး ကြယ်တာရာ နက္ခတ်စုံသည်လ၊ မိုးလေကင်းလွတ်သည့်လ၊  အမြတ်ဆုံးဖြစ်သည့် ကထိန်၊ သက်န်း ဆက်ကပ် လှူဒါန်းသည့် လဖြစ်ကြောင်းကို ဘိုး၊ ဘွားများက နောင်လာ နောင်သား များအား ပြောပြသည်။

တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့်အတူ သက်ကြီးဘိုးဘွား၊ မိဘ၊ ဆရာသမား၊ ဆွေမျိုး၊ မိသင်္ဂဟများအား ရှိခိုးကန်တော့ခြင်း၊ ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ ပျော်ပွဲရွှင်ပွဲများကိုလည်း အေးချမ်းစွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

သိန်းနုအောင်