ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိ

ဒဂုံ နိုဝင်ဘာ ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တန်​ ဆောင်မုန်းလပြည့်နေ့၌ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများအား ဘုရားတန်ဆောင်းများတွင် ဆီမီး တစ်ထောင် ပူဇော်ခြင်း မသိုးသင်္ကန်းများ လှူဒါန်းခြင်း၊ ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း ဓမ္မာစကြာ ရွတ်ဖတ်ပူဇော်သူများဖြင့် ဘုရားရင်ပြင်ပေါ်တွင် များပြားစည်ကားလျက်ရှိပါကြောင်း သိရ သည်။

ထိုသို့ ဘုရားဖူးလာပြည်သူများအား ယာဉ်အန္တရာယ် ကင်းဝေးစေရန် သက်ကြီး ရွယ်အိုဘိုးဘွားများအား အေးချမ်းစွာ ဖူးမြော်နိုင်စေရန် ဒဂုံမြို့နယ်ရှိ စည်ပင်သာယာရေးဝန်ထမ်းများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)