ကချင်ပြည်နယ် အစိုးရအဖွဲ့၏ မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းတို့အား ထုံးတမ်းစဉ်လာနှင့်အညီ ပြုလုပ်ကျင်းပ

မြစ်ကြီးနား    နိုဝင်ဘာ     ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်ညတွင် ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး အား ဆီမီးထွန်းညှိပူဇော်ခြင်း၊ ရှင်ဥပဂုတ္တ ဖောင်တော်မျှောခြင်း ၊ ဆီမီး(၁ဝဝဝဝ) မီးမျှောပူဇော် ခြင်း၊ မီးအလှထွန်ညှိခြင်းနှင့် စတုဒိသာ ကျွေးမွေးခြင်းတို့အား ယမန်နေ့ ည ၆ နာရီ အချိန်မှစတင်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဓလေ့ထုံးတမ်းများနှင့်အညီ ပြုလုပ်ကျင်းပခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့် ဘုရားသို့  ရောက်ရှိရာ  ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်းမှ မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ဆီမီးထွန်းညှိပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး သမိုင်းကြောင်းအစဉ်အလာအား  ပြောကြားပြီး ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ဆီမီးထွန်းညှိ ပူဇော်ခဲ့ကြသည်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နှင့်ဇနီး‌ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီးတို့နှင့် တာဝန်ရှိသူ များမှ  ရှင်ဥပဂုတ္တဖောင်တော်နှင့် ဆီမီး(၁ဝဝဝဝ) အား ထွန်းညှိပြီး ဧရာဝတီမြစ်အတွင်းသို့ မျှော၍ ပူဇော်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်သို့ ရောက်ရှိပြီး  ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များ စုပေါင်းပြီး ပြည်သူ့ရင်ပြင်သို့ လာရောက်လည်ပတ်‌သော အများပြည်သူများအား  တန်ဆောင် တိုင်ပွဲတော် အထိမ်းအမှတ်အဖြစ် စတုဒိသာများ ကျွေးမွေးဧည့်ခံနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)