မြေပုံ နိုဝင်ဘာ ၁၉
တန်းဆောင်တိုင်ရုံးပတ်ရက် ကျောင်းပိတ်ရက်များအတွင်း မြေပုံမြို့နယ် အငူကမ်းခြေသို့ ခရီးသွားဧည့်သည်များ အပန်းဖြေ လာရောက်လည်ပတ်ကြရာ ယမန်နေ့ တန်းဆောင်မုန်း လပြည့်နေ့တွင် ပိုမိုများပြား စည်ကားလျက် ရှိသည်။
“ကျွန်မတို့က မင်းပြားမြို့က လာလည်းတာပါ။ သီတင်းကျွတ်အားလပ်ရက်လည်း လာတယ်။ အခုမိသားစုနှင့်လာတာပါ။ အရမ်းပျော်ဖို့ကောင်းပါတယ်။ ရှုခင်းအရမ်း လှပါတယ်။ သွားဖြစ်အောင် သွားလိုက်ပါလို့ ပြောချင်ပါတယ်” ဟု လာရောက်လည်ပတ်သူ မထက်ထက်နိုင် ကပြောသည်။
မြေပုံမြို့နယ် အငူကမ်းခြေ သာယာလှပပုံကို အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ စိတ်ဝင်စားကြပြီး တစ်ဆင့်စကား တစ်ဆင့်ကြား၍ လည်းကောင်း၊ Face Book ပေါ်တွင် တွေ့ရှိ၍ လည်းကောင်း၊ တန်းဆောင်တိုင်ရုံးပိတ်ရက် ကျောင်းပိတ်ရက်များတွင် အနယ်နယ် အရပ်ရပ်မှ ခရီးသွားဧည့်သည်များ၊ ဒေသခံပြည်သူများ အများအပြား လာရောက် အပန်းဖြေ အနားယူလျက်ရှိကြောင်း ဒေသခံခရီးသွားဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးထံမှ သိရသည်။
သတင်း-ဝင်းမင်းစိုး
ဓာတ်ပုံ- တင်ဝင်း (ပြန်/ဆက်)