ကျောက်ဆည် နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့တွင် တန်ခိုးကြီးဘုရားများ ညအချိန်အထိ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မဟာဆုတောင်းပြည့်ရွှေသိမ်တော်ဘုရားနှင့် တမုတ်ရွှေဂူကြီးဘုရား နှစ်ဆူ သည် လူသိများပြီး ဘုရားဖူးများ နေ့စဉ်လာရောက်ဖူမျော်ဘုရားကန်တော့ ဆုတောင်းကြခြင်းရှိရာ အခါကြီးရက်ကြီးများနှင့် အစိုးရရုံးပိတ်ရက်များတွင် ပိုမိုစည်းကားလျက်ရှိကြောင်း သိရှိရသည်။
တမုတ်ရွှေဂူကြီးဘုရားသည့် ကျောက်ဆည်မြို့အနောက်ဘက်(၅)မိုင်အကွာ ညောင်ပင်ဇောက်ကျေးရွာ အနီးတွင် တည်ရှိပြီး၊ မဟာဆုတောင်းပြည့်ရွှေသိမ်တော်ဘုရားသည် ကျောက်ဆည်မြို့မြောက်ဘက် ရန်ကုန်-မန္တလေးကားလမ်း သင်တောင်းကြီး ကျေးရွာအနီးတွင်တည်ရှိကြောင်း သိရှိရကာ မဟာ ဆုတောင်းပြည့် ရွှေသိမ်တော်ဘုရား အုန်း၊ငှက်ပျောပွဲနှင့် အဓိဌာပြုဆုတောင်းပါက တောင်းသည့်ဆု များ ပြည့်ဝသဖြင့် ဘုရားဖူးပြည်သူများ အမြဲလာရောက်အဓိဌာန်ပြုကြောင်းနှင့် အခါကြီးနေ့ကြီး ရက်ကြီးများတွင် ကန့်တော့ပွဲများနှင့် ဘုရားဖူးပြည်သူများ ညအချိန်အထိ စည်ကားကြောင်းလည်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)