စဉ့်ကိုင်မြို့နယ် တိုက်ကျောင်းတွင် မြိုနယ်သံဃနာယကအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဒုတိယအကြိမ် မိုးပေါ်ကျ စုပေါင်းမဟာကထိန်အလှူကျင်းပ

စဉ့်ကိုင် နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက်၊ တိုက်ကျောင်း ဘုန်းတော်ကြီးကျောင်းအတွင်းရှိ  ရွှေကံကူဂုဏ်ရည်သာသနာ့ ဗိမာန်တော်ဓမ္မာရုံတွင် မြို့နယ်သံဃနာယက အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဒုတိယအကြိမ် မိုးပေါ်ကျစုပေါင်းမဟာ ကထိန်အလှူကို ယနေ့ မွန်းလွဲ (၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  အခမ်းအနားကို  နမောတဿ သုံးကြိမ်ရွတ်ဆို  ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် သံဃ နာယကအဖွဲ့ ညောင်ဝန်းကုန်းကျေးရွာ ဆန်းသီရီကျောင်း ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည် ကြပြီး  ဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာယူခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးဗိုလ်အောင်မောင်မောင်က မိုးပေါ်ကျစုပေါင်း ကထိန် အလှူနှင့် ပတ်သက်၍ ဝမ်းမြောက်ကြောင်းနှင့် သာသနာဆိုင်ရာများ လျှောက်ထားကာ ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ပြီး ဗုဒ္ဓဿသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။ ကထိန်လျာသင်္ကန်းနှင့် ကထိန်သင်္ကန်းများဝတ္ထုငွေများအား မြို့နယ်သံဃနာယကအဖွဲ့၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်း၍ မိုးပေါ်ကျမဟာကထိန်အလှူပွဲတွင် မိုးပေါ်ကျ ကျောင်း(၁၀)ကျောင်းအား ဝတ္တုငွေသိန်း(၄၀)နှင့် ကထိန်သင်္ကန်းနှင့်  လှူဖွယ်ပစ္စည်းတန်ဘိုး (၁၀)သိန်း စုစုပေါင်းသိန်း(၅၀)ကျပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ညိုညိုဝင်း(စဉ့်ကိုင်)