တောင်ကြီး နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ စုပေါင်းမဟာဘုံကထိန် နေ့ဆွမ်းဆက်ကပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ မူလမင်းကွန်းပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက မူလမင်းကွန်း ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာသိရီဘိဝံသ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇထံ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝထ္ထု အစုစုတို့အား ရေစက်သွန်ချအမျှဝေခြင်းကို သာသနာလင်္ကာရ ကမ္ဗောဇ သာသနာဗိမာန်၌ ကျင်းပရာဆရာတော်၊ သံဃာတော် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောဿသုံးကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယအဂ္ဂမဟာပ ဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယစွန်းလွန်း ဂူကျောင်းတိုက်ပဓနာနာယက ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသအရှင်သူ မြတ်ထံမီငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်သံဃာတော် အရှင် သူမြတ်များ ပွားများအပ်သော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက် တာကျော်ထွန်းနှင့်ဇနီး အမှူးပြုသောအကြီးအကဲများမှ ကထိန်လျာ သင်္ကန်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး လှူဒါန်းမှုအစုစုအတွက် မူလမင်းကွန်းပရိ ယတ္တိစာသင်တိုက် နိုင်ငံတော် သံဃာဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပ ညာသိရီဘိဝံသထံ ရေစက် သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက် ကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော စုပေါင်းမဟာဘုံ ထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာ အပင်ရေ(၁၁၀)၊ သင်္ကန်း(၈၁၀)စုံ၊ ပစ္စည်းတန်ဖိုး(၃၂၄၅၉၈၅၀)၊ ငွေသားတန်ဖိုး(၃၂၆၇၄၄၅၀) စုစုပေါင်း ပဒေသာပင်တန်ဖိုး(၆၅၁၃၄၃၀၀)ဖြစ်ပြီး နေ့ဆွမ်းဆက်ကပ်ခဲ့သော မူလမင်းကွန်းပရိယတ္တိ စာသင်တိုက်ကျောင်း အတွက် ပဒေသာအပင်ရေ(၁၃)ပင်၊ သင်္ကန်း(၉၉)စုံ၊ ပစ္စည်းတန်ဖိုး(၆၀၁၆၄၀၀)၊ ငွေသားတန်ဖိုး(၆၅၆၉၀၀)၊ စုစုပေါင်း ပဒေသာတန်ဖိုး(၁၂၅၈၅၄၀၀) လှူဒါန်းပေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)