တန်ဆောင်မုန်းလပြည့်နေ့ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီး၌ဘုရားဖူးပြည်သူ များဖြင့်စည်ကားလျက်ရှိ

ကျိုက်မရော     နိုဝင်ဘာ   ၁၈


မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်ပြည့် ဘုရားကြီး၌ ယနေ့နံနက်ပိုင်းမှ စတင်ကာဘုရားဖူးလာပြည်သူများ၊ နံနက်စောစောပိုင်း၌ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းသူများ၊ဥပုသ်သီလဆောက်တည်ကြသူများ၊ အပန်းဖြေအနားယူကြသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

တန်ဆောင်တိုင်လပြည့်နေ့ အများပြည်သူရုံးပိတ်ရက်လည်းဖြစ်သည့်အတွက် အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ၊ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အပန်းဖြေအနားယူသူ များဖြင့် စည်ကားလျက်ရှိပြီး ဘုရားလာပြည်သူများအားစတုဒိတာများဖြင့် ဧည့်ခံကျွေးမွေးကြ ကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး  (ပြန်/ဆက်)