ကျိုက်ထိုမြို့နယ်တွင် (၇၂)ကြိမ်မြောက် ကျိုက်ထိုမြို့နယ် လုံးဆိုင်ရာ မဟာဘုံကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ

ကျိုက်ထို  နိုဝင်ဘာ  ၁၈
 

ကျိုက်ထိုမြို့နယ်တွင် (၇၂)ကြိမ်မြောက် ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ မဟာဘုံ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့ နေ့လည်(၁၂)နာရီ (၃၀)မိနစ်ခန့် တွင်ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန် ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို တက်ရောက်လာကြသောဆရာတော် သံဃာတော်များနှင့် ကထိန် ဒါယကာ /ဒါယကာမများမှ နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်မဟာဘုံကထိန် ဖြစ်မြောက် ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင် မှ ကထိန် လုပ်ငန်းဆိုင်ရာများအားလျှောက်ထားတင်ပြသည်။

ဆက်လက်၍မြို့မရမ်းချိုအောင်သစ္စာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒောဘာသဘိဝံသ ဆရာတော်ဘုရားမှ သီလပေးတရားချီးမြှင့်ပြီးကြွရောက်လာကြသောဆရာတော်သံဃာ‌ တော် များအားကထိန်သင်္ကန်း၊ဆွမ်းဆန်တော် ၊၀တ္တုငွေများအားဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက်မြို့မရမ်းချိုအောင်သစ္စာကျောင်းတိုက်ဆရာတော်မှအနုမောဒနာရေစက်ချတရားချီးမြှင့်ပြီးအခမ်းအနားကိုဗုဒ္ဓ-သာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍အခမ်းအနားကိုပိတ်သိမ်းလိုက်သည်။

အဆိုပါကထိန်သင်္ကန်း ကပ်လှူပူ‌ ဇော်ရာတွင် ကျိုက်ထိုမြို့ ပေါ်ရှိကျောင်းတိုက် (၅၅)ကျောင်း မှသံဃာတော်(၇၀၂)ပါးတို့၏ကိုယ်စားဆရာတော်(၁၃)တို့အားကျန်းမာရေး၀န်ကြီးဌာန၏စည်းကမ်းချက်များနှင့်အညီ ကထိန်သင်္ကန်းနှင့်လှူဖွယ်၀တ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

သန်းသန်းမော်(ကျိုက်ထို)