ကျိုက်ထို နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို မြို့နယ် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားတွင် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးလာရောက်ကြသူ ပြည်သူများအေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ် ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း တွေ့ရသည်။
ကျိုက်ထိုမြို့၏ အထင်ကရဘုရားတစ်ဆူ ဖြစ်သည့် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားတွင် မြိုနယ်အတွင်းရှိ ပြည်သူများ၊ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများမှ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံ့သာတိုင်များ ထွန်းညှိပူဇော်ခြင်း ဘုရားဝတ်ပြု ဆုတောင်းသူများဖြင့် စည်းကားလျက် ရှိပြီး ဘုရားဖူးလာ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖူးမျှော်ကြည်ညိုနိုင်ရေး ဘုရားဂေါပကအဖွဲ့များမှ နှိုးဆော်အသိ ပေးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အေးယုဝေ(ကျိုက်ထို)