ငါ့သရောက်ဒေသတွင် ဆောင်းခရမ်းချဉ်ပင်များ စိုက်ပျိုးဖြစ်ထွန်းပြီး ဈေးကောင်းရသဖြင့် တောင်သူများအဆင်ပြေ

ငါ့သရောက်  နိုဝင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်ဒေသတွင် ယခုနှစ် မိုးရွာသွန်းမှုကောင်းသဖြင့်၊ မိုးနှောင်းကာလဖြစ်သည့် ဩဂုတ်လ စတုတ္ထပတ်တွင် စတင်စိုက်ပျိုးခဲ့သော ဒေသအခေါ် ဆောင်ခရမ်းချဉ်ပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင် သဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း ဗြူကြီးကျေးရွာ တောင်သူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ဆောင်ခရမ်းချဉ် စတင် စိုက်ပျိုးရာတွင် မိုးကို အဓိက အားထားခဲ့ရသော်လည်း နောက်ပိုင်းကာလ များတွင် ဆောင်းကာလတွင် နှင်းရည်ကိုအားထား စိုက်ပျိုးကြခြင်းဖြစ်သည်။ ယခုနှစ် မိုးနှောင်းကာလ တွင် မိုးရွာသွန်းမှုကောင်းမွန်သဖြင့် အပင်များ ရေပြည့်ဝစွာရရှိခဲ့ပြီး၊ အပင်အသေအပျောက်နည်းကာ၊ အပင်ပွင့်အား၊ သီးအား ကောင်းမွန်သောကြောင့်  ယခင်နှစ်များထက် အထွက်နှုန်းပိုမိုရရှိနိုင်ကြောင်း သိရ သည်။ ခရမ်းချဉ် ၀.၅ ဧက တစ်ကွက်မှ တစ်ပတ်စွတ်ခူးလျှင် ပိသာ ချိန် ၄၀ မှ ၅၀ ပိသာကျော်အထိ အထွက်နှုန်း ကောင်းမွန်ခဲ့ကြောင်းနှင့် ခရမ်းချဉ်ဈေးနှုန်းမှာလည်း တစ်ပိသာလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးရရှိသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဗြူကြီးကျေးရွာမှ တောင်သူ  ဦးမောင်ဝင်းက ပြောပါသည်။

ဖြိုး ဝေ(ပြန်/ဆက်)