ရွှေပြည်သာမြို့ နယ်၌(၃၃)ကြိမ်မြောက်မြို့ နယ်စုပေါင်းမဟာဘုံ ကထိန်ကျင်းပ

ရွှေပြည်သာ    နိုဝင်ဘာ   ၁၈

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့ နယ်တွင်(၃၃)ကြိမ်မြောက်မြို့ နယ်စုပေါင်းမဟာဘုံကထိန်ဆပ်ကပ်လှူဒါန်း

ပွဲကိုယနေ့ နံနက်ပိုင်းတွင်မြို့နယ် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်သံဃာမဟာနာယကရွှေပြည်သာဆရာတော်မှထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးကြွရောက်လာကြသော

သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ဃန်း ဆပ်ကပ်လှူဒါန်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌ ဦမြင့်ဦးမှ သာသနာရေးဆိုင်

ရာများ လျှောက်ထား၍ ရွှေပြည်သာဆရာတော်မှ ရေစက်ချ အနုမောတနာ တရားချီးမြင့်ခဲ့သည်။ထို့နောက် ကြွရောက်တော်မူလာကြသော ဆ

ရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်၊ ရွှေပြည်သာမြို့နယ်တွင် (၃၃)မြောက် စုပေါင်းမဟာဘုံကထိန် လှူ

ဒါန်း ဆက်ကပ်ပွဲတွင် ပစ္စည်းတန်ဖိုး (၂၉၆၂၉၄၅၀)ကျပ် ငွေသားတန်ဖိုး (၄၀၈၂၁၉၀၀)ကျပ် စုစုပေါင်း(၇၀၄၅၁၃၅၀)ကျပ် ဆက်ကပ်လှူဒါန်းခဲ့

ကြောင်း သိရသည်။