ကျိုက်မရော နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်ပြည့် ဘုရားကြီး၌ ယနေ့နံနက်ပိုင်းမှစတင်ကာ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ သည်။ကျိုက်မရောမြို့ဆုတောင်းပြည့်ဘုရားကြီးတွင် နံနက်စောစောပိုင်း၌ မသိုးသင်္ကန်းဆက်က ပ်လှူဒါန်းသူများ၊ဥပုသ်သီလဆောက်တည်ကြသူများ၊အပန်းဖြေအနားယူကြသူများနှင့်အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
အများပြည်သူ ရုံးပိတ်ရက်လည်းဖြစ်သဖြင့် အနယ်နယ်အရပ်ရပ်မှခရီးသွားပြည်သူများ၊ ဌာနဆိုင်ရာများ၊ပုဂ္ဂလိကဘဏ်များမှဝန်ထမ်းများ၊အပန်းဖြေအနားယူသူများဖြင့်တိုးမပေါက်အောင်စည်ကားလျက်ရှိပြီးဘုရားလာပြည်သူများအားစတုဒိတာများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး