ရသေ့တောင် နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ဌာနဆိုင်ရာများနှင့် မြို့မြို့ဖများ ဦးဆောင်မှုဖြင့် ပထမအကြိမ် မြို့လုံးကျွတ် သံဃဒါနဆွမ်းတော်လောင်းလှူပွဲကို ယနေ့ နံနက် ၈ နာရီက မြို့မအားကစားကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆွမ်းဆန်တော်လောင်းလှူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်ပြည်သူများနှင့် စေတနာရှင်ပြည်သူ များက ရသေ့တောင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင် ကြသည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ စုစုပေါင်း (၁၂၈)ပါးတို့အား အလှူငွေ၊ ဆွမ်းဆန်တော်၊ ခေါက်ဆွဲခြောက်ထုပ်၊ ကော်ဖီမစ်၊ ဆေးဝါးများ စသည့်လှူဖွယ်ဝတ္တုပစ္စည်းများအား လာရောက်ကုသိုလ်ပြု လောင်းလှူခဲ့ကြသည်။
ရသေ့တောင်မြို့တွင် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား တစ်စုတစ် စည်းတည်း ကုသိုလ်ပြု လှူဒါန်းနိုင်ရေးနှင့် အစဉ်အလာ ကောင်းတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် မြို့လုံးကျွတ်သံဃဒါန ဆွမ်းဆန်တော်လောင်းလှူပွဲကြီးကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)