မြင်းခြံ နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ (၄၆) ကြိမ်မြောက် မဟာဘုံကထိန်အလှူတော်ပွဲကို ယနေ့ နံနက် (၈) နာရီ အချိန်က မြင်းခြံမြို့ မင်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ (၄၆) ကြိမ်မြောက် မဟာဘုံကထိန် အလှူတော်ပွဲ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး မင်းကျောင်းတိုက် မဟာနာယကဆရာတော် ဘဒ္ဒန္ဒပညာဇောတထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ် တရားတော်များကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများက တရားတော်များကို နာယူခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် မင်းကျောင်းတိုက် မဟာနာယကဆရာတော် ဘဒ္ဒန္ဒပညာဇောတ ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ (၄၆)ကြိမ်မြောက် မဟာဘုံကထိန်ပွဲအား "ဗုဒ္ဓသာ သနံစိရံတိတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ (၄၆) ကြိမ်မြောက် မဟာဘုံကထိန် ဆက်ကပ်လှူဒါန်း ရာတွင် အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း (၇၆၄၃၀၀၀) ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်စွာ(၃၆၆)