ငါးသိုင်းချောင်းမြို့၌ (၁၇)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ကျင်းပ

ငါးသိုင်းချောင်း   နိုဝင်ဘာ   ၁၈     

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ (၁၇)ကြိမ်မြောက် ဌာနဆိုင်ရာ ရုံးပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ကို ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းကကျင်းပရာ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အောင်ဆန်းရပ်ကွက်၊ မြို့ဦးကျောင်းတိုက်သို့ ကထိန်ပဒေသာပင်ကို စုပေါင်းပို့ဆောင် ကထိန်ခင်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မဟာဘုံကထိန် အခမ်းအနားကိုကျင်းပရာ ရေကြည်မြို့ ပိဋကတ်တိုက်ကြီးကျောင်း ဆရာတော် ဦးဣန္ဒောဘာသက ကထိန်အနုမောဒနာတရား ချီးမြှင့်ဟောကြားပေးခဲ့ပြီး မြို့အုပ်ချုပ် ရေးမှူး ဦးရဲထက်အောင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကထိန်သင်္ကန်း၊ ငွေပဒေသာပင်၊လှူဖွယ် ဝတ္ထုနှင့်‌ဆွမ်း အစရှိသည်တို့ကို စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ယခုနှစ် ငါးသိုင်းချောင်းမြို့ ဌာနဆိုင်ရာရုံးများ၏ (၁၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တွင် လှူဒါန်းမှု စုစုပေါင်းမှာ ကာလ တန်ဖိုးအားဖြင့် ကျပ်(၃၂၅၀၀၀ဝိ/)ကို စုပေါင်းလှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။                                    

ကိုဦး(ငါးသိုင်းချောင်း)