ကျောက်ဆည်၊ နိုဝင်ဘာ-၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်တန်ဆောင်တိုင်ပွဲတော်နေ့ဖြစ်သည့် တန်ဆောင် မုန်းလပြည့်နေ့ရောက်သည့်နေ့တိုင်း ရပ်ကွက်/ကျေးရွာများတွင် စတုဒီသာကျွေးသူများ မြန့်မာ့ရိုးရာ မုန့်လုံးရေပေါ် ကုသိုလ်ရှင်များနှင့် ပြည်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
စတုဒီသာကျွေးခြင်းနှင့်ပတ်သတ်၍ “တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ကျွန်တော်အခုလို ကုသိုလ်ဖြစ် ရိုးရာပဲဟင်းချို၊ အချဉ်သုပ်၊ ငရုပ်သီးထောင်းနဲ့ စတုဒီသာထမင်းကျွေးတာ (၄)နှစ်ရှိပါပြီး ပျော်စရာကောင်းပါတယ် အယုတ်အလတ်အမြတ်မရွေးလူတန်းစားမရွေးကျွေးရတာဆိုတော့ ပီတိဖြစ် ပါတယ် အနီးအနားအိမ်ကလူတွေနဲ့ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့ဝင်တွေကလည်း ဝိုင်းဝန်းလုပ်ဆောင် ကြတော့ ပျော်စရာကောင်းတာပေါ့ နောင်နှစ်တွေမှာလည်း အခုလိုရက်မှာ ဆက်လက်ပြီး စတုဒီသာ ထမင်းကို ကုသိုလ်ဖြစ် ဆက်လက်လုပ်ဆောင်သွား မှာပါ” ဟု တံစိုးဂိတ်ရပ်ကွက်မှ အလှူရှင် ကိုဇော်ကြီးက ပြောပြသည်။
ကျောက်ဆည်မြို့နယ်၌ နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ရပ်ကွက်၊ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းကထိန်ခင်းကုသိုလ်ယူခြင်း၊ ထမင်းဟင်းများကျွေးမွေးခြင်း၊ အဟာရဖြစ် အချိုရည်၊မုန့်မျိုးစုံဝေငှကုသိုလ်ပြုခြင်းများအပြင် မိမိတို့နေအိမ်ရှေ့များတွင်လည်း မြန့်မာ့ ရိုးရာမုန့်ဖြစ်သည့် မုံးလုံးရေပေါ်များပြုလုပ် ကုသိုလ်ပြုခြင်း၊ စတုဒီသားကျွေးကုသိုလ်ပြုခြင်းများဖြင့် ပြည်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)