ချမ်းအေးသာစံ နိုဝင်ဘာ ၁၈
အလုပ်တွင်ထိခိုက်ဒဏ်ရာရသေဆုံးသွားသည့် အာမခံအလုပ်သမားအတွက် ကျန်ရစ်သူအကျိုး ခံစားခွင့် ငွေလုံးငွေရင်း ကျပ် ၉၉ သိန်း (ကျပ်ကိုးဆယ့်ကိုးသိန်းတိတိ)ကို ၎င်း၏ဖခင်ဖြစ်သူထံ ပေးအပ်ခြင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ချမ်းအေးသာစံမြို့နယ် လူမှုဖူလုံရေးရုံး၊ရုံးခွဲ(၂)တွင်ပြုလုပ်ခဲ့သည်။
"ကွယ်လွန်သွားသူက မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်တယ်၊ မြို့နယ် လူမှုဖူလုံရေးရုံးခွဲ(၂)မှာ အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အာမခံအလုပ်သမား တစ်ဦး လည်းဖြစ်တယ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တာဝန်ထမ်းဆောင်စဉ် လမ်းမှာ ထိခိုက်ဒဏ်ရာရသေဆုံးသွားတဲ့အတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် အနေနဲ့ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနဲ့အညီ အကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ် သိန်းကိုးဆယ်ကို ခွင့်ပြုထုတ် ပေးခြင်း ဖြစ်ပါတယ်၊ နာရေးစရိတ်အဖြစ်ကျပ်ကိုးသိန်းကိုလည်း စက်တင်ဘာ ၉ ရက်နေ့က ထုတ်ပေးပြီး ဖြစ်ပါတယ်" ဟု မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေး ရုံးမှ တာဝန်ခံ ဒေါ်လွင်လွင်မြင့်ကပြောသည်။
ထိုသို့ပေးအပ်ရာ၌ မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှတာဝန်ခံ ဒေါ်လွင်လွင်မြင့် က အကျိုးခံစားခွင့်ထုတ်ပေး ရခြင်းအကြောင်းရှင်းလင်းပြောပြပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ငွေလုံးငွေရင်းကို သေဆုံး သွားသူ၏ ဖခင်အား တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တာဝန်ခံက ထုတ်ပေးခဲ့ကြောင်း၊ အဆိုပါပေးအပ်ခြင်းကို အလုပ် တွင် ထိခိုက်ဒဏ်ရာရ သေဆုံးသွားသည့် အာမခံအလုပ်သမား ဦးချစ်မန်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံး ငွေရင်း ကျပ်သိန်း(၉၀)အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်