ကျောက်ဆည်မြို့ ဆည်တော်နံရွှေမုဌောဘုရားကြီးတွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ

ကျောက်ဆည်၊  နိုဝင်ဘာ-၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဆည်တော်နံရွှေမုဋ္ဌောဘုရားကြီးတွင် နှစ်စဉ်ကျင်းပပြုလုပ် မြဲဖြစ်သော မြန်မာ့ရိုးရာစုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပပြုလုပ်ပြီး ပဒေသာပင်များအား စာရေးတံ မဲဖောက်ကာ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ၊ ကုန်းမြင့်သာပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တစက္ကိန္ဒာဘိဓဇ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဂန္တဝါစကပဏ္ဍိတ) အရှင်မြတ်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရာဇျ္ဇာယ် ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ကျော်ဦး၊ ဆည်တော်နံ ရွှေမုဋ္ဌောဘုရားဂေါပကဥက္ကဌဦးမောင်လေး၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက နိုင်ငံတော် ဗဟိုဝန် ဆောင်၊ ဆူးကုန်းကျောင်း ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ အရှင်မြတ်ထံသို့ ကထိန်လျာ သင်္ကန်းအား သံဃိကဒါနအဖြစ် ဆက်ကပ်လှူဒါန်းပြီး ပင့်သံဃာဆရာတော်ကြီးများအား ဝတ္ထုငွေများဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်ပြီး နိုင်ငံတော်ဗဟိုဝန်ဆောင်၊ ဆူးကုန်းကျောင်း ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ အရှင်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ ရေစက်သွန်းချ အမျှပေးဝေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ပဒေသာပင်များအား စာရေတံမဲဖောက်၍ သံဃာတော် များအား အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။စုပေါင်းမဟာဘုံကထိန် ပွဲတော်တွင် ရပ်ကွက်၊ ကျေးရွာများ၊ လုပ်ငန်းရှင်များ ၊စီးပွားရေးအသင်းစုများ နှင့်ပုဂ္ဂလိက အလှူရှင်များမှ ဉာတ်မကြီးပဒေသာပင်ငွေသား(၇)ကျော်၊ ပစ္စည်းတန်းဖိုး(၉၇၂၈၀)ကျပ် အပါအဝင်  ပဒေသာပင်(၁၃၀) ပင်၊ ပစ္စည်းတန်ဖိုး(၃၄၆၃၂၄၀၀)ကျပ် နှင့် ငွေသားတန်ဖိုး (၅၈၁၀၀၀၀၀)ကျပ် စုစုပေါင်း (၉၂၇၃၂၄၀၀) ကျပ်ကို ပဒေသာပင် မဲပေါက်သည့် ဘုန်းတော်ကြီးကျောင်းများသို့ အလှူရှင်များက အတီးအမှုတ် အက အခုန်များဖြစ် ပျော်ရွှင်စွာသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)