ဆီဆိုင် နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဟော်တောင်ကျေးရွာ၌ ကွင်းဆင်းထိုးနှံပေးလျက် ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ကျေးရွာရှိအသက် ၁၈ နှစ်နှင့် အထက် ဒေသခံပြည်သူများ အား စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း များဆောင်ရွက်ပေး၍ ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးများစနစ်တကျထိုးနှံပေးခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်စာရေးတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးလျက် ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွာစေခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)