မိုင်းယောင်း နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ ၏ (၄၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ကျင်းပသည်။
ထေရဝါဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်များကို နာယူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်တို့ထံ ကထိန်လျာသင်္ကန်းနှင့် ကထိန်အရံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ထို့နောက် ထေရဝါဗုဒ္ဓသာသနာပြု (မိုင်းယု)ကျောင်းဆရာတော်ထံမှ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှပေးဝေခဲ့သည်။(၄၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲတွင် ကထိန် (၃၈)ပင်နှင့် ငွေသား (၃၈)သိန်းကျော် ဖြစ်ကြောင်း မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ သိရ သည်။
စိုင်းအောင်ဇော်လင်း