သံဖြူဇရပ် နိုဝင်ဘာ ၁၈
မွန်ပြည်နယ် သံဖြူဇရပ်မြို့ကျက်သရေဆောင် ကျိုက္ခမီရေလယ်ဘုရား၌ တန်ဆောင်မုန်းလပြည့် နေ့(သာမညဖလအခါတော်နေ့)ယနေ့နံနက်ပိုင်းတွင် ဘုရားဖူးလာရောက်ကြသည့်ပြည်သူများ အေးချမ်းစွာ ဘုရားဖူးကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါသိသာစွာလျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက် မှုနှုန်းဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလပြည်သူများစိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန်ရည်ရွယ်၍ တန်ခိုးကြီးဘုရားဖြစ်သည့် ကျိုက္ခမီရေလယ်ဘုရားတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီရပ်နီး၊ရပ်ဝေးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ပန်း၊ဆီမီး၊ရေချမ်းများကပ်လှူပူဇော်၍ ဘုရားဝတ်ပြုဆုတောင်းသူများနှင့် ဘုရားပွဲစျေးရောင်း ၊စျေးဝယ်များဖြင့်စည်ကားလျက် ရှိကြောင်းသိရသည်။
အေးအေးမွန်(ပြန်/ဆက်)