မြောက်ဦးမြို့၌ ရခိုင်ရိုးရာစဉ်လာမပျက်နှစ်စဉ်ကျင်းပပြုလုပ်သော ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရား၊ ပုထိုးစေတီများ၌ သင်ပုန်းဆွမ်းကပ်လှူပူဇော်

မြောက်ဦး  နိုဝင်ဘာ   ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုးစေတီများ၌ တန်ဆောင်တိုင်လပြည့်နေ့၌ ရခိုင်ရိုးရာစဉ်လာမပျက်ကျင်းပပြုလုပ် လျက်ရှိသော သင်ပုန်းဆွမ်းကပ်လှူပူဇော်ပွဲကို မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ ယနေ့ နံနက် ၅ နာရီအချိန်မှစတင်၍ သင်ပုန်းဆွမ်းများကပ်လှူပူဇော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ တန်ဆောင်တိုင်လပြည့်နေ့၌ မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ မိမိတို့ရပ်ကွက်များအတွင်းရှိ စုရပ်နေရာများတွင် ရပ်ကွက်သူ/ရပ်ကွက်သားများပူးပေါင်းကာ တန်ဆောင်တိုင်လပြည့်နေ့တွင် ရခိုင်ရိုး ရာစဉ်လာမပျက် နှစ်စဉ်နှစ်တိုင်းစုပေါင်းဆင်ယင်ကျင်းပသည့် သင်ပုန်းဆွမ်းကပ်လှူ ပူဇော်ပွဲအား မြောက်ဦးမြို့ရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သော အလယ်ဈေးရပ်ကွက်၊ ကြက်ဈေးရပ် ကွက်၊ င/ခြောက်ဈေး ရပ်ကွက်နှင့် လက်ကောက်ဈေးရပ်ကွက်စသော ရပ်ကွက်များမှ ရခိုင် အမျိုးသမီးလှပျိုဖြူများ၊ ဝတ်ရွတ် အဖွဲ့ဝင်များ၊မြို့သူ/မြို့သားများ ကလေးသူငယ်များက ရခိုင်ရှေးဟောင်းသမိုင်းဝင် ဘုရား၊ စေတီ၊ ပုထိုးဖြစ်သည့် ရန်အောင်ဇေယျပုထိုးတော်(ခေါ်) သျှစ်သောင်းပထိုးတော်ကြီးအာရုံခံသိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓဘုရားရှင် အားရည်မှန်း၍  သင်ပုန်း ဆွမ်းကပ်လှူပူဇော်ခြင်းအား မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ သွားရောက်ကပ် လှူပူဇော်ခဲ့ကြ သည်။ ဆက်လက်၍ ယနေ့ညနေပိုင်းတွင်လည်း အလှူရှင်စေတနာရှင် များမှ တန်ဆောင်တိုင် လပြည့်နေ့တွင် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီများ၌ လည်း ဘုရား ရှင်အားရည်မှန်း၍ ဆီမီးပူဇော်ခြင်းများအဖြစ် ဆီမီးတစ်ထောင်နှင့်ပန်းတစ်ထောင်ပူ ဇော်ခြင်းများ ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များရှိ အများပြည်သူသွားလာရာလမ်းများနှင့် နေအိမ်များတွင်လည်း ဆီမီးများထွန်းညှိပူဇော်သွား မည်ဖြစ်ကြောင်းသိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)