ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၂၂)ကြိမ်မြောက် သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်လျက်ရှိ

မောင်တော နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၂၂)ကြိမ်မြောက် သမိုင်းဝင်မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ကို ၁၃၈၃ ခုနှစ်၊ တန်ဆောင်းမုန်းလဆန်း (၁၄)ရက်  ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ မြို့မပရိယတ္တိ စာသင်တိုက်၊ လောကမာရဇိန်သိမ်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရ သည်။  

မောင်တောမြို့၊ မြို့မပရိယတ္တိစာသင်တိုက်၌ ကိန်းဝပ်စံပ္ပါယ်တော်မူသည့် BC-568 တတိယဓညဝတီခေတ် ဘုရင်စန္ဒာသူရိယ သွန်းလုပ်ပူဇော်တော်မူခဲ့သော  သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား (၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၃ ခုနှစ်၊ တန်ဆောင်းမုန်းလဆန်း(၁၄)ရက် နေ့မှစ၍  တန်းဆောင်မုန်း လပြည့်ကျော်(၁)ရက်နေ့အထိ  နေ့စဉ် နံနက်(၆)နာရီအချိန်မှစ၍  နိုဝင်ဘာ (၁၇)ရက်နေ့တွင် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကံထွန်းအောင် ဇနီး ဒေါ်ကေသွယ်ခိုင် မိသားစု၊ နိုဝင်ဘာ(၁၈)ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ဇနီး ဒေါ်ခင်စန္ဒာဝင်း မိသားစု၊ နိုဝင်ဘာ (၁၉)ရက်နေ့တွင် မြို့မကျောင်း တကာ/တကာမများ မိသားစုတို့က သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်ခြင်း၊ သမိုင်းဝင်မဟာ ကျန်ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဆွမ်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့်  ပူဇော်ခြင်း၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်း၊ ဝတ်ရွတ်အဖွဲ့များက ဝတ်ရွတ်ပူဇော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူလူထုများနှင့် စည်းကားလျက်ရှိကြောင်း သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး (ပြန်/ဆက်)