မော်လမြိုင် နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဝါလကင်းလွတ် သီတင်းကျွတ်မီးထွန်း ပွဲတော် အပါအဝင် တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့)မတိုင်မီ (အဖိတ်နေ့)နှင့် လပြည့်နေ့တို့တွင်ဆီမီးများထွန်းညှိပူဇော်ခြင်း၊နံနက်အရုဏ်တက်ချိန် ရှင်ဥပ္ပရုတ္ထ မထေရ်မြတ်အား ဆွမ်းအိုးမျှော်ကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီး၊ ရက်ကြီးတွင်ဘုရားဖူးပြည်သူများ၊ခရီးသွားပြည်သူများအား အာဟာရဒါန စတုဒီသာများ ဖြင့် ရပ်ကွက်/ကျေးရွာလမ်းအလိုက်များတွင် ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြသည်။
ယခုအခါမော်လမြိုင်မြို့နယ်အားနေအိမ်တွင်နေထိုင်ရေး(Stayat Home)အကျုံးဝင်ကြောင်း ကိုပယ်ဖျက်ထားပြီးဖြစ်၍ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန်ရည်ရွယ် ကာတန်ခိုးကြီးဘုရားများဖြစ်သည့် ကျိုက်သလ္လံစေတီတော်၊ဦးဇိနစေတီတော်၊ မဟာမြတ်မုနိဘုရား အပါအဝင် အစရှိသည့် ဘုရား၊ပုထိုးစေတီများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေးစည်းကမ်းချက်များအညီဖွင့်လှစ်ပေးထားပြီးဖြစ်ပြီး ရပ်နီး၊ရပ်ဝေးမှ ရဟန်းရှင်လူ ပြည်သူများစိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီးများကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာ တရား ပွားမျာနာယူလျက်ရှိကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)