တောင်ပြိုလက်ဝဲမြို့၌ (၁၄)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

တောင်ပြိုလက်ဝဲမြို့  နိုဝင်ဘာ ၁၈

 ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ မြို့အဆင့်ဌာနဆိုင်ရာများနှင့်အလှူရှင်များစုပေါင်း၍ စုပေါင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်ကတောင်ပြိုလက်ဝဲမြို့ ရွှေဟင်္သါ မင်္ဂလာတပ်ဦးကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရွှေဟင်္သါမင်္ဂလာတပ်ဦးကျောင်းဆရာတော်မှ အခမ်းအနားတက်ရောက်ကြသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။

 ဆက်လက်၍ ဆရာတော်သံဃာတော်များက ပရိတ်တရားတော် ရွတ်ပွားသရဇ္ဈာယ်တော်မူကြပြီး ပင့်သံဃာတို့အားကထိန်ရည်မှန်းမြတ်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းတို့ကိုလှုပ်ရှားစစ်ဗျူဟာမှူးကျော်ထက်၊အမှတ်(၂)နယ်ခြားစောင့် တပ်ဖွဲ့ခွဲ့မှူး ဝေလွင်ထွန်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့ပေါ် ပြည်သူ များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ (၁၄)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ပင့်သံဃာ (၇)ပါးတို့အား ကထိန်မသင်္ကန်းနှင့် ငွေပဒေသာပင် (၉)ပင်၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထု တန်ဖိုးငွေ (၇၅၂၀၀၀၀)ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)