ရန်ကုန် နိုဝင်ဘာ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့၏(၂၁)ကြိမ်မြောက် မိသားစု၊ စုပေါင်းဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက်၁၀ နာရီက၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိနန်းဦးပရဟိတကျောင်း၌ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားတက်ရောက်လာကြသူများကနမောတသ(၃)ကြိမ်ရွတ်ဆိုအခမ်းအနားဖွင့်လှစ်ပြီးနန်းဦးပရဟိတကျောင်းတိုက်ဆရာတော်ဦးဇောတိကဆရာတော်ထံမှအခမ်းအနားတတ်ရောက်လာကြသူများကငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ဆရာတော်ဦးဇောတိကနှင့်သံဃာတော်များထံပြန်ကြားရေး၀န်ကြီးဌာနမှတာ၀န်ရှိသူများကကထိန်သက်န်းနှင့်လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းကြပြီးနန်းဦးပရဟိတကျောင်းတိုက်ဆရာတော်ဦးဇောတိကမှ အနုမောဒနာ တရားချီးမြှင့်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့သည်၊ ထို့နောက်ပြန်ကြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်