ရန်ကုန်တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမိသားစုများမှ(၈၅)ကြိမ်​မြောက်စု​ပေါင်းမဟာဘုံကထိန်ကျင်းပ

ရန်ကုန်  နိုဝင်ဘာ ၁၈

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်တွင်(၈၅)ကြိမ်​မြောက်ဗုဒ္ဓ ဘာသာအသင်းမိသားစုများမှ စု​ပေါင်း၍ မဟာဘုံကထိန်သကန်းကပ်လူဒါန်းပွဲကို နိုဝင်ဘာလ ၁၆ နေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ဆရာ​တော်အရှင်သူမြတ်များထံမှ ငါးပါးသီလနှင့် ပရိတ်များခံယူ​ဆောက်တည်ကြပြီး ဝန်ထမ်းမိသားစုများမှလူဒါန်းထား​သောလူဘွယ်ပစ္စည်းများအား​ရေစက်သွန်ချအမျှ​ပေး​ဝေခဲ့ကြ ပြီးဆရာ​တော်အရှင်သူမြတ်တို့အား​နေဆွမ်းများကပ်လူပူ​ဇော်ခဲ့ပါသည်။

အဆိုအခမ်းအနားသို့ ရန်ကုန်တက္ကသိုလ်ပါ​မောက္ခချုပ်၊ ဒုတိယပါ​မောက္ခချုပ်များ၊ပါ​မောက္ခဌာ နမှူးနှင့်ဝန်ထမ်းများတက်​ရောက်ခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)