လင်းခေးတွင် မိုးနှမ်းစိုက်ပျိုးတောင်သူများ နှမ်းရိတ်သိမ်းပြီးချိန် ယခင်နှစ်များထက် ရောင်းစျေး ကျဆင်းမှုနှင့် ကြုံတွေ့ရ

လင်းခေး    သြဂုတ် ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့မှ မိုးနှမ်းစိုက်ပျိုး တောင်သူများသည် နှမ်းရိတ်သိမ်းပြီး ချိန် ရောက်လာသော်လည်း နှမ်းစေ့နှင့် ဆီဖြစ်ရောင်းရစျေး ယခင်နှစ်များထက်  ကျဆင်းသည်နှင့် ကြုံတွေ့နေရကြောင်း သိရသည်။

 နှမ်းစိုက်တောင်သူ​တစ်ဦး ကနှမ်းနက်၊ နှမ်းနီ၊ နှမ်းဖြူ၊ နှမ်းပြာနဲ့ ဂျပန်နှမ်းလို့ခေါ်တဲ့ ပန်းနှမ်းတွေ ကို ကျွန်တော်တို့တောင်သူတွေ စိုက်ပျိုးကြပါတယ်၊ များသောအားဖြင့်တော့ နှမ်းနက်(တရုတ်နှမ်း)၊ နှမ်းနီနဲ့ နှမ်းဖြူတွေကို နှစ်စဉ် တောင်သူ အတော်များများက အဓိကထား စိုက်ပျိုးလေ့ရှိကြပါတယ်ဟု လင်းခေးမြို့ တောင်ရွာရပ်နေ နှမ်းစိုက်ပျိုးသူ ပီစိုင်းထိုက ပြောသည်။

 နှမ်းနက်က နှမ်းစေ့ဖြစ်ကိုပဲရောင်းကြပါတယ်၊ ဆီဖြစ်မရောင်းကြဘူး၊ ပြီးတဲ့နှစ်မှာ နှမ်းနက်တစ်အိတ် (၂၂ပိဿာဝင်) တစ်အိတ် ကျပ်တစ်သိန်းနှစ်သောင်း၊ တစ်သိန်းခွဲအထိစျေးရတယ်၊ ဒီနှစ်မှာ ကျပ်တစ်သိန်းတိတိပဲ စျေးရပါတယ်နှမ်းနီ၊နှမ်းဖြူတွေကို ဆီကြိတ်ပြီးမှ ရောင်းကြပါတယ်၊  ပြီးခဲ့တဲ့နှစ်တွေ နှမ်းဆီတစ်ပုံး ( ၇ဝဝဝဝိ/-)ရပြီး ၊ ဒီနှစ်နှမ်းပေါ်ချိန်ရောက်လာချိန်မှာ တစ်ပုံး ကျပ်၄ဝဝဝဝိ/- သာအဝယ်စျေးရှိတော့တာမို့ တောင်သူတွေအနေနဲ့ မကိုက်ဘူးဟု ၄င်းက ဆက်လက်ပြောကြားသည်။

 ယခုနှစ် မိုးနှမ်းများ အများအားဖြင့် စိုက်ခင်းတွေအောင်မြင်ဖြစ်ထွန်းလျက်ရှိကြကာ၊ ယခင်နှစ်များ၌ ၄၊၅အိတ်အထိသာ ရရှိခဲ့ကြသော်လည်း  ယခုနှစ်တွင်(၁ဝ)အိတ်နှင့် အထက်ရရှိကြသော်လည်း မိုးနှမ်းရိတ်သိမ်းချိန်တွင် နှမ်းစေ့၊ နှမ်းဆီများ စျေးနှုန်းကျဆင်းသည်နှင့် ကြုံတွေ့နေကြရကြောင်း မိုးနှမ်းစိုက်ပျိုးကြသည့် လင်းခေးတောင် သူများထံမှ သိရသည်။

 

စိုင်းဇော်လတ်(လင်းခေး)