နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပန်းခင်းစီမံချက်ဆိုင်ရာ အများပြည်သူအသိပညာပေး (Talk Show) ကျင်းပ

နမ္မတူ  နိုဝင်ဘာ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးတို့  ပူးပေါင်း၍ Online စနစ်ဖြင့် ပန်းခင်းစီမံချက်ဆိုင်ရာ  အများပြည်သူအသိပညာပေး  (Talk Show) ကို  ယမန်နေ့နံနက်ပိုင်း က နမ္မတူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယခုလိုမေးမြန်းဆွေးနွေး ဆောင်ရွက်ခဲ့သည်။

မေး။    မင်္ဂလာပါဆရာ၊ ဆရာ့အမည်နဲ့၊ တာဝန်ကိုလည်းမိတ်ဆက်ပေးပါဦးရှင့်။

ဖြေ။     ကျွန်တော်ကတော့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းလှ ဖြစ်ပါတယ်ခင်ဗျား။

မေး။    လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကပန်းခင်းစီမံချက်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ကြားသိရပါတယ်၊ ဒီလိုဆောင်ရွက်ပေးရာမှာ ဘယ်လိုဒေသတွေမှာ ဆောင်ရွက်ပေးတာလဲ ရှင်းပြပေးပါဦးရှင့်။

ဖြေ။     လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကပန်းခင်းစီမံချက်ချမှတ်ပြီးတော့ တစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးလျက်ရှိပါတယ် ခင်ဗျား။

မေး။    ဒီပန်းခင်းစီမံချက်ကာလကိုရော ဘယ်လောက်သတ်မှတ်ထားပါသလဲရှင့်။

ဖြေ။     စီမံချက်ကာလကိုတော့ (--၂၀၂၁)ရက်နေ့မှ (-၁၁-၂၀၂၂)ရက်နေ့အထိ (၁၈)လအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် သတ်မှတ်ထားပါတယ်ခင်ဗျား။

မေး။    ပန်းခင်းစီမံချက်က လဝကဌာနနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးတွေ ဆောင်ရွက်ပေးမယ် ဆိုတာကို ရှင်းပြပေးပါဦးရှင့်။

ဖြေ။     ပန်းချင်းစီမံချက်ဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးမည့် လုပ်ငန်း ()ရပ်ရှိပါတယ်။ နံပါတ် () အနေနဲ့ကတော့ မိမိနေထိုင်ရာမြို့နယ်မှာ  အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသေးသူများ

နံပါတ် () အနေနဲ့ကတော့ လက်ရှိဒေသမှာ အမြဲတမ်းနေထိုင်ပြီးတော့ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသေးတဲ့သူများ

နံပါတ် () အနေနဲ့ကတော့ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသမှာ အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသမှာ ကိုင်ဆောင်လက်မှတ်မရှိသေးသူများ

နံပါတ် () အနေနဲ့ကတော့ ရွှေ့ပြောင်းနေထိုင်သူများ မူလဒေသမှာ အိမ်ထောင်စု လူဦးရေစာရင်းနဲ့ ကိုင်ဆောင်လက်မှတ်မရှိဘဲ၊ လက်ရှိရောက်ရှိရာ နေရာဒေသမှာလည်း အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင်လက်မှတ်မရှိသူများကို ဆောင်ရွက်ပေးလျက် ရှိပါတယ် ခင်ဗျား။

မေး။    ဟုတ်ကဲ့၊ လဝကဝန်ကြီးဌာနအနေနဲ့ ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေတာကို ပြည်သူလူထုရဲ့ သဘောထားအမြင်လေးကို ရှင်းပြပေးပါဦးရှင့်။

ဖြေ။     ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ ပန်းခင်းစီမံချက်ခေါင်းစဉ်ကို ပြည်ထောင်စုဝန်ကြီးကလူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ဆိုပြီးပေးထားပါတယ်၊ ပြည်သူလူထုရဲ့ အမှန်တကယ်လိုအပ်ချက်တွေကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေတဲ့အတွက် ပြည်သူများ အားလုံးက နှစ်ခြိုက်သဘောကျပြီး ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ် ခင်ဗျား။

မေး။    အခုလို လုပ်ငန်းစဉ်တွေကို ပြည်သူတစ်ဦးချင်းစီပါဝင်လာအောင် ဆရာတို့ဌာနအနေနဲ့ ဘယ်လို ဆောင်ရွက်ပေးနေပါသလဲ ရှင်းပြပေးပါဦးရှင့်။

ဖြေ။     ကျွန်တော်တို့ ရုံးတွေမှာ ရုံးလက်ခံအိမ်ထောင်စုစာရင်းများမှ အသက် (၁၆)နှစ်နဲ့အထက် ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး မဆောင်ရွက်သေးတဲ့သူတွေကို တစ်ဦးချင်း စာရင်းပြုစုပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတဆင့်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ဆက်သွယ်အကြောင်းကြားပါတယ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စိစစ်ပြီး အမှန်တကယ် ဆောင်ရွက်ရခြင်း မရှိသေးတဲ့သူများစာရင်း ပြန်လည်ပေးပို့ပါတယ်၊ အဲ့စာရင်းအတိုင်း ရှေ့ပြေးလျှောက်လွှာနှင့်အတူ လိုအပ်ချက်တွေကို အကြောင်းကြားပြီး ကျွန်တော်တို့ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးပါတယ် ခင်ဗျား။

မေး။    ဒီအိမ်ထောင်စုစာရင်းမရှိတဲ့သူတွေဆိုရင်ရော ဘယ်လိုဆောင်ရွက်ပေးလဲရှင့်။

ဖြေ။     ဟုတ်ကဲ့၊ အိမ်ထောင်စုစာရင်းမရှိတာနဲ့ ပတ်သတ်ပြီးတော့ အပိုင်း ()ပိုင်း ခွဲခြားဆောင်ရွက် ပေးပါတယ်။

အပိုင်း () အနေနဲ့ကတော့ လက်ရှိဇာတိဒေသမှာ အမြဲနေပြီး အိမ်ထောင်စုလူဦးရေစာရင်း မရှိတဲ့ တိုင်းရင်းသားတွေကိုတော့ ဝန်ထမ်းနဲ့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က စိစစ်ပြီး မှန်တယ်ဆိုရင် အိမ်ထောင်စုလူဦးရေစာရင်း ပြုစုပေးပါတယ်။ အဲ့ဒီအိမ်ထောင်စုစာရင်းကိုတော့ နိုင်ငံတော်က ဖွဲ့စည်းပေးထားတဲ့ မြို့နယ်အလိုက် ()ဦး ကော်မတီရှိပါတယ်၊ အဲ့ဒီ ()ဦး ကော်မတီက စိစစ်လက်မှတ်ရေးထိုးပြီး အိမ်ထောင်စုလူဦးရေးစာရင်း တရားဝင် ထုတ်ပေးပါတယ် ခင်ဗျား။

အပိုင်း () အနေနဲ့တော့ ရွှေ့ပြောင်းနေထိုင်သူ တိုင်းရင်းသားများအတွက် မူလနေထိုင်ရာ ဒေသမှာရှိတဲ့ အိမ်ထောင်စုစာရင်းကို ကျွန်တော်တို့ မြို့နယ်ရုံးအချင်းချင်း ညှိနှိုင်းပယ်ဖျက် ဆောင်ရွက်ပြီး လက်ရှိနေထိုင်ရာဒေသမှာ အိမ်ထောင်စုလူဦးရေစာရင်းများ တရားဝင်ထုတ်ပေး တာတွေ၊ ကိုင်ဆောင်လက်မှတ် ထုတ်ပေးတာတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ် ခင်ဗျား။

မေး။    လဝကဝန်ကြီးဌာနအနေနဲ့ ပန်းခင်းစီမံချက်လိုမျိုး ယခင်ကဆောင်ရွက်ပေးခဲ့တဲ့ စီမံချက်များရှိရင် ပြောပြပေးပါအုံးရှင့်။

ဖြေ။     ဟုတ်ကဲ့၊ ရှိပါတယ်ခင်ဗျား၊ လဝကဝန်ကြီးဌာနအနေနဲ့ ၂၀၁၁-ခုနှစ်မှ ၂၀၁၅-ခုနှစ်အထိ မိုးပွင့်စီမံချက်၊ ၂၀၁၆-ခုနှစ်မှ ၂၀၂၀-ခုနှစ်အထိ သစ္စာစီမံချက်များ အကောင်အထည်ဖော်ပြီး အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် ခင်ဗျား။

မေး။    ဆောင်ရွက်ပေးတဲ့ကာလနဲ့ အရေအတွက်လေး ပြောပြပေးပါဦးရှင့်။

ဖြေ။     တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် (--၂၀၁၁)ရက်နေ့မှ (၁၂--၂၀၁၅) ရက်နေ့အထိ မိုးပွင့်စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (.)သန်းခန့် ဆောင်ရွက်ပေးခဲ့ပါတယ်၊ (--၂၀၁၆)မှ (၃၁--၂၀၂၀)ရက်နေ့အထိ သစ္စာစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (.)သန်း ဆောင်ရွက်ပေးခဲ့ပါတယ် ခင်ဗျား။

မေး။    လဝကဝန်ကြီးဌာနအနေနဲ့ ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေတာနဲ့ပတ်သတ်ပြီး မြို့နယ်အလိုက် ရပ်ကွက်/ကျေးရွာတွေအထိ သိရှိနိုင်အောင် ဘယ်လိုတွေများ စီမံဆောင်ရွက် ထားပါသလဲ ရှင်းပြပေးပါဦးရှင့်။

ဖြေ။     ပန်ခင်းစီမံချက်ဆိုတာ ပြည်သူလူထုအကျိုးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတော်ရဲ့ စီမံချက်ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လဝကဝန်ကြီးဌာနကိုသာမက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများမှတဆင့် ခရိုင်/မြို့နယ်များအထိ ပြည်သူလူထုကိုအသိပေးရန် ပြည်သူများပူးပေါင်းဆောင်ရွက်လာရန် အဆင့်ဆင့်ညွှန်ကြားပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူများအားလုံး သိရှိပြီး ဖြစ်ပါတယ်။    

မေး။    လဝကဝန်ကြီးဌာနအနေနဲ့ရော ဒေသခံပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာအောင် ဘယ်လိုများ ဆောင်ရွက်ထားပါသလဲ ရှင်းပြပေးပါဦးရှင့်။

ဖြေ။     ကျွန်တော်တို့ လဝကဝန်ကြီးဌာနအနေနဲ့ မီဒီယာလုပ်ငန်းကော်မတီဖွဲ့စည်းပြီး ပြည်သူလူထုများ သိရှိစေရေး၊ ပူးပေါင်းပါဝင်လာစေရေးအတွက် မီဒီယာအခန်းကဏ္ဍဖြစ်တဲ့ Website နဲ့ Facebook Page တွေမှာ လွှင့်တင်ထုတ်လွှင့်ခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ထုတ်လွှင့်ကြေညာခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်/မြို့နယ်ဦးစီးမှူးရုံးများ မှာလည်း Facebook Page တွေမှာ လွှင့်တင်ခြင်း၊ မြို့နယ်အလိုက် အသိပညာပေး Bill board များ၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်း၊ Sticker Campaign များဆောင်ရွက်ခြင်းတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်လျက်ရှိပါတယ် ခင်ဗျား။

မေး။    ပန်းခင်းစီမံချက်နဲ့ ပြည်သူလူထုတွေကို အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေတဲ့အပေါ် ပြည်သူလူထုရဲ့ တုန့်ပြန်မှု ဘယ်လိုရှိပါသလဲ ရှင်းပြပေးပါဦးရှင့်။

ဖြေ။     ဟုတ်ကဲ့၊ ကျွန်တော်တို့ ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေတဲ့ ပန်းခင်းစီမံချက်ရဲ့ ဆောင်ပုဒ်ကို ပြည်ထောင်စုဝန်ကြီးကလူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့လို့ အမည်ပေးထားပါတယ်။ တကယ်လည်း လူမှုဘဝပြည့်စုံဖို့အတွက် အသက်အရွယ်ရောက်ပြီး သူတိုင်းဟာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ဖို့ လိုပါတယ်၊ အဲ့ဒီလို လိုအပ်ချက်တွေကို လိုက်လံဖြည့်ဆည်းဆောင်ရွက်ပေးတဲ့အတွက် ပြည်သူများအားလုံးက ကြိုဆိုပြီး လက်ခံဆောင်ရွက်ကြပါတယ်။ ပြည်သူတွေအတွက်လည်း ကိုယ့်ရွာမှာ ကိုယ်နေရင်း အချိန်မကုန်၊ လူမပင်ပန်းဘဲ နိုင်ငံသားကတ်ရရှိ ကိုင်ဆောင်နိုင်မှာဖြစ်တဲ့အတွက် ပြည်သူများအားလုံးလည်း သဘောကျလက်ခံပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဌာနအနေနဲ့လည်းလူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နဲ့အညီ ပြည်သူလူထုအကျိုးအတွက် ပန်းခင်းစီမံချက်လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများအရာက် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိပါတယ်ခင်ဗျား။

မေး။    ဟုတ်ကဲ့ပါဆရာ၊ ကျွန်မတို့ နမ္မတူမြို့နယ်မှာဆိုရင် ပန်းခင်းစီမံချက်ကာလ သတ်မှတ်ရက်ကနေ စပြီးတော့ အခုအချိန်အထိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဘယ်လောက်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီလဲ ပြောပြပေးပါဦးရှင့်။

ဖြေ။     ကျွန်တော်တို့ နမ္မတူမြို့နယ်ရုံးအနေနဲ့ ယနေ့အချိန်အထိ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း (၈၆)စု၊ (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် (၃၂၉)ဦး၊ (၁၈)နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကတ် (၁၈၉)ဦး၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်လဲလှယ် (၇၄)ဦး၊ နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီး (၁၃၅)ဦး စုစုပေါင်း (၇၂၇)ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် ခင်ဗျား။

ယခုလို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာနမှ ပြည်သူများအပေါ် အိမ်ထောင်စု လူဦးရေစာရင်းနဲ့ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ချမှတ်ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက်ဆိုင်ရာ လုပ်ငန်းများနဲ့ပတ်သတ်၍ ယခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ ဆရာကို အထူးကျေးဇူးတင်ပါတယ်ရှင့်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးအနေဖြင့် ယခုလို အများပြည်သူ ဗဟုသုတရရှိစေရေးအတွက် သိသင့်သိထိုက်သည့် အကြောင်းများကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ လစဉ်အသိပညာပေး (Talk Show) များ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။          

ခိုင်ဇာထွန်း