ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ကျိန္တလီ       နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ အလယ်တန်းအဆင့် ကျောင်းသား/သူများနှင့် စာဖတ်ဝိုင်းကို နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသာထားတဲ့ တန်ဖိုးရှိလှ လူငယ်ဘဝစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကျင်းပရာတွင် ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးခိုင်မိုးမင်း(ရုပ်သံကျွမ်းကျင်-၃)က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား  ဦးစွာရှင်းလင်း ပြောကြားရာတွင် ယနေ့ခေတ်တွင် ကျောင်းသား/သူ လူငယ် လူရွယ်အများအနေဖြင့် စာပေ လေ့လာဖတ်ရှုမှု အလွန်ပင်နည်းပါးလာသည့်အတွက် အသိပညာဗဟုသုတ ကြွယ်ဝမှုမှာလည်း အားနည်းလာရခြင်းဖြစ်ကြောင်း၊ မိမိတို့ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများမှရရှိလာသည့် ဗဟုသုတများအပြင် အခြားသော စာရေးဆရာများရေးသားထားသော စာပေများကိုပါ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုနိုင်မည်ဆိုပါက ဘဝခရီးလျှောက် လှမ်းရာတွင်များစွာ အထောက်အကူများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဋ္ဌမတန်းကျောင်းသူ မခင်မြတ်နိုးပိုင်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသာထားတဲ့ တန်ဖိုးရှိလှလူငယ်ဘဝ စာအုပ်ထဲမှ တန်ဖိုးရှိသောစိတ်ကူးများ စာပိုဒ်ပါအကြောင်းအရာမှ ကောက်နုတ်ချက်များ၊ အဋ္ဌမတန်းကျောင်းသူ မခင်ရတနာလင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူး စာပိုဒ်ပါအကြောင်းအရာမှ ကောက်နုတ်ချက်များအား စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူ ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)