ချောင်းဆုံ နိုဝင်ဘာ ၁၆
မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်တွင် (၁၀၁)ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို နိုဝင်ဘာ ၁၆ ရက်နေ့ မွန်းလွဲ(၁)နာရီ အချိန်ခန့်က(အ.မ.က) တကူကနာကျောင်းတွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများမှ ကွင်းဆင်း ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်တင်ဇာစိုးက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြောင်းအရာများ ဟောပြောခဲ့ပြီး ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းဆီသို့"အသိပညာပေး နံရံကပ်စာစောင်များ ကို ပြသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)