(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အွန်လိုင်းမှ အသိပညာပေးဟောပြော

မံစီ      နိုဝင်ဘာ        ၁၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန Community Center ခန်းမ၌ နိုဝင်ဘာ ၁၆ ရက် မွန်းလွှဲ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၁ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  အွန်လိုင်းမှ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။

ဟောပြောပွဲကို ပြည်သူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံကိုသိရှိပြီး အမျိုးသား စိတ်ဓာတ်များ ရှင်သန်စေရန်၊ အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်မားလာစေရန်နှင့် အမျိုးသားစိတ်ဓာတ် ရင့်သန်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်နန်းခိုင်က ပြောကြားခဲ့သည်။

ဟောပြောပွဲကို Book Club အဖွဲ့ဝင် ဦးသက်ထွန်းလေးက ဆွေးနွေးပြောကြားခြင်းဖြစ်ပြီး အမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်ပုံနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာစေသော အကြောင်းအရာများကို အကျယ် တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)